Pages

Wednesday, September 5, 2012

မင်္ဂလာမြန်မာ ငွေရေးကြေးရေး အဖွဲ့အစည်း၏လုပ်ရှားမှု(5.9.2012)


မင်္ဂလာမြန်မာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းမှ ကမာရွတ်မြို့နယ်(၁)ရပ်ကွက်တွင် (၅-၉-၂၀၁၂)ရက်နေ့၌ ချေးငွေများထုတ်ချေးခဲ့ပါသည်။ ကမာရွတ်မြို့နယ် ရတနာမြိုင်လမ်း Center(1) နှင့် လက်ခုတ်ပင်လမ်း Center (2) တို့၌ ငွေစုငွေချေးအဖွဲ့ဝင်များအား အသေးစား ချေးငွေအဖြစ် ငွေကျပ် (၅၀၀၀၀)ထုတ်ချေးခဲ့ပါသည်။
          မင်္ဂလာမြန်မာ အသေးစား ငွေရေးကြေးရေး လုပ်ငန်းလိုင်စင်အား (၈-၈-၂၀၁၂)ရက်နေ့ တွင် အသေးစား ငွေရေးကြေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်းမှ လိုင်စင်ရရှိပြီးဖြစ်ပါသည်။ အဆိုပါလုပ်ငန်းအား မြို့နယ်(၁၀)မြို့နယ်တွင် ပြုလုပ်မည်ဖြစ်ပြီး ကမာရွတ်မြို့နယ်မှ စတင်ခြင်းဖြစ်ပါသည်။
          မင်္ဂလာမြန်မာ အသေးစား ငွေရေးကြေးရေး လုပ်ငန်း၏ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံမှ ကျေးလက်နှင့် မြို့ပြနေ အခြေခံလူတန်းစားများ လူနေမှုဘ၀နှင့် ၀င်ငွေ ဖွံ့ဖြိုးတိုးတက်စေရန် ငွေစုဆောင်းတက်သည့်အကျင်နှင့် တစ်နှိင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများအား ထူထောင်နိုင်ရန်၊ လူမှုစီးပွားရေးလုပ်ငန်းများတွင် အဆင်ပြေသော အခွင့်အလမ်းများဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။






2 comments:

  1. ငွေကြေးကူညီတဲ့ရည် ရွယ်ချက်ကောင်းပေမယ့် မင်္ဂလာဒုံမှာ ချေးငွေ တစ်သိန်းကို တစ်သောင်း ဝန်ဆောင် ခ ချက်ချင်းပြန်ပေးရတာတော့လွန်တယ် ဂျာနယ်ပေါ်က ပြောပြရမယ်ထင် တယ် ကွယ် ရို့ 

    ReplyDelete