Pages
▼
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ရွေးကောက်ပွဲအသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် International Republican Institute
(IRI) မှ ဒါရိုက်တာ Ms. Johnanna kao နှင့် အဖွဲ့အား စက်တင်ဘာလ ၁၉ ရက်နေ့ညနေ ၃နာရီတွင်
နေပြည်တော်ရှိ ကော်မရှင်ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်နိုင်၊ ဦးဝင်းကြည်နှင့် ဦးညွှန့်တင်တို့
တက်ရောက်ကြပြီး မြန်မာနိုင်ငံအတွင်းလွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင်
ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍
ရွေးကောက်ပွဲအသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment