Pages
▼
Friday, October 12, 2012
Tuesday, October 9, 2012
မင်္ဂလာမြန်မာ၊ SPFIC နှင့် CARD တို့ အသေးစား ငွေရေးကြေးရေး နည်းပညာများ တိုးတက်ရေး ဆွေးနွေး
Wednesday, October 3, 2012
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ဘန်ကောက်မြို့ ပိုလန်သံရုံးမှ Economic Counsellor တို့ တွေ့ဆုံ ဆွေးနွေး
SBFIC နှင့် CARD မှ တာဝန်ရှိသူများ မင်္ဂလာမြန်မာ အသေးစား ငွေးရေးကြေးရေး အဖွဲ့အား သွားရောက်လေ့လာ
Friday, September 28, 2012
အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ရွေးကောက်ပွဲအသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် International Republican Institute
(IRI) မှ ဒါရိုက်တာ Ms. Johnanna kao နှင့် အဖွဲ့အား စက်တင်ဘာလ ၁၉ ရက်နေ့ညနေ ၃နာရီတွင်
နေပြည်တော်ရှိ ကော်မရှင်ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်နိုင်၊ ဦးဝင်းကြည်နှင့် ဦးညွှန့်တင်တို့
တက်ရောက်ကြပြီး မြန်မာနိုင်ငံအတွင်းလွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင်
ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍
ရွေးကောက်ပွဲအသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား (IRI) မှ ဒါရိုက်တာ နှင့် အဖွဲ့ လာရောက်တွေ့ဆုံ
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အမေရိကန် ပြည်ထောင်စု International Republican Institute (IRI) မှ ဒါရိုက်တာ Ms.Johanna Kao နှင့် အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ လွှတ်တော်ကော်မတီ အစည်းအဝေးဆောင် အမှတ်(၁) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံစဉ် နိုင်ငံတကာရှိ ပါလီမန်များ၏ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများ လွှတ်တော် အတွင်း Capacity မြှင့်တင်မှုအတွက် အတွေ့အကြုံဖလှယ်ရေး နှင့် အလုပ်ရုံဆွေးနွေးပွဲများ Training များနှင့် စပ်လျဉ်း၍ ပေါင်းစပ်အကူအညီပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Thursday, September 27, 2012
“US-Myanmar Track 1.5 Dialogue” ဒုတိယအကြိမ် ဆွေးနွေးပွဲ ကျင်းပရန် မင်္ဂလာမြန်မာမှ ကူညီပေးလျှက်ရှိ
Johns Hopkins
University, School of Advanced International Studies ‘`SAIS’´ မှ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့တော်တွင်
ကြီးမှူး ကျင်းပမည့် US-Myanmar Track 1.5
Dialogue ဒုတိယအကြိမ် ဆွေးနွေးပွဲ ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့ နှင့်
(၃)ရက်နေ့ တို့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
US-Myanmar Track 1.5 Dialogue ဒုတိယအကြိမ် ဆွေးနွေးပွဲသို့
တက်ရောက် ရန် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး
ဝန်ကြီး ဦးစိုးသိန်း နှင့် ရထားပို့ဆောင်ရေး ဒုတိယ၀န်ကြီး သူရဦးသောင်လွင်တို့
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ တွင် ရန်ကုန်မြို့မှ
ထွက်ခွာမည်ဖြစ်ပါသည်။ ထိုသို့သွားရောက်ရန်အတွက် မြန်မာနိုင်ငံရှိ Myanmar NGO
တစ်ခု ဖြစ်သော မင်္ဂလာ မြန်မာမှ ကူညီစီစဉ် ဆောင်ရွက်ပေးလျှက် ရှိပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ အစိုးရ ၀န်ကြီးဌာနမှ
ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတ၏ အကြံပေးများ၊ နိုင်ငံရေးပါတီ နှင့် မြန်မာ NGO
မှ ပုဂ္ဂိုလ်များ ပါဝင် ဆွေးနွေးကြ မည်ဖြစ်ပြီး၊ အမေရိကန်ဘက်မှလည်း အလားတူ
အစိုးရမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ NGO များမှပုဂ္ဂိုလ်များ
ပါဝင်ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရ ရှိပါသည်။




























