မင်္ဂလာမြန်မာသို့ ဂျာမန်နှင့် ဖိလစ်ပိုင်အဖွဲ့တို့မှ အသေးစား ငွေစုငွေချေးလုပ်ငန်းအတွက် နည်းပညာများ
အကူအညီပေးလျှက်ရှိ
မင်္ဂလာမြန်မာ၏
အသေးစားငွေရေးကြေးရေးလုပ်ငန်း စီမံကိန်းအား ဂျာမနီသမ္မတနိုင်ငံ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး
ဝန်ကြီးဌာန (Federal Ministery for Economic Cooperation and Development ) မှ နည်းပညာနှင့်
စီမံကိန်းကုန်ကျစရိတ်များကို ကူညီပံ့ပိုးပေးမည်ဖြစ်ပြီး (၁၄-၂-၂၀၁၂) နေ့တွင် ၎င်းဌာနမှ
ဝန်ကြီးဖြစ်သူ H.E Mr.Dirk Niebel ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာ ( MOU ) ရေးထိုးခဲ့ပါသည်။ အဆိုပါ နားလည်မှုစာချွန်လွှာ အရ ဂျာမနီနိုင်ငံမှ
Savings Banks Foundation for International Cooperation (SBFIC) နှင့် ဖိလစ်ပိုင်နိုင်ငံမှ
Center For Agriculture and Rural Development (CARD) တို့ပူးပေါင်း၍ ချေးငွေမန်နေဂျာများအတွက်
( ၃ ) ရက်တာသင်တန်းကို ၂၀၁၂ ခုနှစ် ဧပြီလ ၃၀ ရက် မှ မေလ ၂ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊
ဗားဂရာလမ်းမပေါ်ရှိ ပန်းခြံတာဝါ၊ အခန်း (၄၀၅) တွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါ
သင်တန်းပြုလုပ်ရခြင်းဧ။် ရည်ရွယ်ချက်မှာ ချေးငွေမန်နေဂျာများအနေဖြင့် ငွေချေးသူများအား
ကောင်းမွန်သော ၀န်ဆောင်မှုများ ပေးနိုင်ရန်အတွက် လိုအပ်သော စွမ်းဆောင်ရည်များ ရှိလာစေရန်ဖြစ်သည်။
အဆိုပါ သင်တန်းသို့ Mr. Joerg Teumer ( မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ
SBFIC ကိုယ်စားလှယ်)၊ Ms.Juvy Gacutan နှင့်
Mr.Emmanuel Angeles ( CARD ၏ နည်းပညာဆိုင်ရာ ကျွမ်းကျင် ပညာရှင်များ) တို့မှသင်တန်းပို့ချခဲ့ရာ
ချေးငွေမန်နေဂျာ (၁၂) ဦးနှင့် လေ့လာသူ (၅)ဦး
တက်ရောက်ခဲ့ကြပြီး မင်္ဂလာမြန်မာမှ ချေးငွေမန်နေဂျာ(၄)ဦး နှင့် လေ့လာသူ(၃)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
သင်တန်းကာလအတွင်း လက်တွေ့လုပ်ငန်း လုပ်ကိုင်ရာတွင် လိုအပ်သော အခြေခံစာရင်းကိုင်ပညာ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ အပြင် ဘဏ္ဍာရေး မဟုတ်သော ၀န်ဆောင်မှုလုပ်ငန်းများ
တိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် ငွေကြေးဝန်ဆောင်မှုဆိုင်ရာစီမံခန့်ခွဲမှုများ စသည်တို့ကို
တက်ရောက်လာကြသော ချေးငွေမန်နေဂျာများနှင့် သင်တန်းတာဝန်ခံများမှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
မင်္ဂလာမြန်မာမှ ချေးငွေမန်နေဂျာများအား ယခုကဲ့သို့
နိုင်ငံခြားမှကျွမ်းကျင်ပညာရှင်များ လာရောက် ပြုလုပ်သည့် သင်တန်းများအပြင် ရုံးတွင်းသင်တန်းများကိုလည်း
စဉ်ဆက်မပြတ် ပြုလုပ်ပေးလျှက်ရှိပြီး ၀န်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလျှက်ရှိပါသည်။
မင်္ဂလာမြန်မာအဖွဲ့အစည်းအနေဖြင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊
ရပ်ရွာလူထု၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍတို့တွင် စွမ်းရည်များ မြင့်တက်လာစေရန်အတွက်
ကူညီပံ့ပိုးရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။
Mr.Joerg
Teumer (SBFIC) နှင့် Ms.Juvy Gacutan
(CARD) တို့မှ သင်တန်းပို့ချနေပုံ
No comments:
Post a Comment