Sunday, May 15, 2011

တာချီလိတ်ခရိုင်၊ တာလေမြို့နယ်နယ်တွင် ဘေးအန္တရယ်လျှော့ချရေး အသိပညာပေးဆွေးနွေး











ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် မင်္ဂလာမြန်မာအဖွဲ့မှ ဘေးအန္တရာယ်လျှော့ချရေး အသိပညာပေးဆွေးနွေးပွဲ တစ်ခုအား ကျင်းပပြုလုပ်ခဲ့ပါသည်။

မင်္ဂလာမြန်မာသည် ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ငလျင်ဘေးဒဏ် သင့် ပြည်သူများ အသိပညာများ တိုးတက်လာစေရန် ရည်ရွယ်၍ တာလေမြို့နယ်တွင် ဆရာ/ဆရာမ များနှင့် သူနာပြုများအား ငလျင်ဘေးအန္တရာယ်၊ မြေပြိုခြင်းအန္တရာယ် နှင့် မိုးခေါင်ခြင်း အန္တရာယ်များအကြောင်းအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆရာ/ဆရာမများ၊ သူနာပြုများသည် မင်္ဂလာမြန်မာ၏ သင်တန်းကို တက်ရောက်ပြီးပါက ရပ်ရွာလူထုများထံ ပြန်လည်ဆွေးနွေးပို့ချသွားမည်ဖြစ်၍ ရပ်ရွာလူထု၏ ဘေးအန္တရာယ်နှင့် ပတ်သက်သော အသိပညာများ ပိုမိုးတိုးတက်လာစေမည် ဖြစ်ပါသည်။

No comments: