Tuesday, July 31, 2012

မင်္ဂလာ မြန်မာ နှင့် Oslo တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိ

             မြန်မာ NGO တစ်ခုဖြစ်သော မင်္ဂလာမြန်မာ နှင့် နော်ဝေနိုင်ငံ မှ University of Oslo တို့၏ ပူးပေါင်းဆောင်ရွက်မှု သဘောတူ လက်မှတ်ရေးထိုးပွဲကို (၃၁-၇-၂၀၁၂) ရက်နေ့ ဗဟန်းမြို့နယ်၊ ဒဂုံတာဝါရှိ မ၈င်္လာမြန်မာရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
             အဆိုပါ အခမ်းအနားတွင် မင်္ဂလာမြန်မာမှ ဒါရိုက်တာများဖြစ်သော ဒေါက်တာဖုန်းဝင်း နှင့် ဒေါ်ယူဇာမော်ထွန်း၊ နော်ဝေနိုင်ငံ University of Oslo မှ ပါမောက္ခချုပ် Professor Ole Petter Ottersen နှင့် Professor Espen Bjertness တို့တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြပါသည်။
             မင်္ဂလာမြန်မာ နှင့် University of Oslo တို့သည် အဆိုပါ လက်မှတ်ရေးထိုးပွဲ၏ သဘောတူညီချက်အရ သုတေသနပြုလုပ်ခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ၀န်ထမ်းများ၊ ကျောင်းသာများ နှင့် သတင်းအချက်အလက် ဖလှယ်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။






           
             ထိုပြင် Oslo တတက္ကသိုလ် နှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၊ အခြားအသင်းအဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိပါသည်။ ထို့ကြောင့် မင်္ဂလာမြန်မာမှ Oslo တက္ကသိုလ် နှင့် မြန်မာနိုင်ငံရှိ အထင်ကရ တက္ကသိုလ်များဖြစ်သော ရန်ကုန် တက္ကသိုလ်၊ ရန်ကုန် ဆေးတက္ကသိုလ်-၁၊ အမျိုးသားစီမံခန့်ခွဲမှု ကောလိပ်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ်  နှင့်   ပြည်သူ့ကျန်းမာရေး တက္ကသိုလ် တို့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြားခံဆောင်ရွက်ပေးလျက် ရှိပါသည်။ မကြာမီရက်ပိုင်းအတွင်းတွင်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများ နှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် မင်္ဂလာမြန်မာမှ ညှိုနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကာကွယ်ကြမယ် ရေလွှမ်းခြင်းအန္တရာယ် (၁)



Monday, July 30, 2012

Friday, July 27, 2012

"The Workshop on Curriculum Development and Pedagogy" ခေါင်းစဉ်ဖြင့် Work Shop အား ဆေးတက္ကသိုလ် (၁) ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခြင်း

မြန်မာနိုင်ငံတွင် တက္ကသိုလ်အဆင့် ပညာရေး အဆင့်အတန်းမြင့်တင်ရေး အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ နှင့် အမေရိကန် နိုင်ငံရှိ Johns Hopkins University တို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများ အနက်မှတစ်ခုဖြစ်သည့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ နှင့် ပူးပေါင်းပြီး ဆေးဘက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှစ်ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ပူးပေါင်း ဆောင်ရွက်မှု တတိယအကြိမ်မြောက် အဖြစ် “The Workshop on Curriculum Development and Pedagogy” အား U.S. Korea Institute, SAIS, Johns Hopkins University နှင့် မင်္ဂလာမြန်မာတို့၏ ထောက်ပံ့ကူညီဆောင်ရွက်မှုဖြင့် (၂၃ - ၇ - ၂၀၁၂) ရက်နေ့မှ (၂၅ - ၇ - ၂၀၁၂) ရက်နေ့အထိ ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) တွင် (၃) ရက်တိုင်တိုင် အောင်မြင်စွာကျင်းပပြုလုပ်ြပီးစီးခဲ့ပါသည်။ 
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို (၂၃ -  ၇ - ၂၀၁၂) ရက်နေ့ နံနက် (၈း၀၀) တွင် ဆေးတက္ကသိုလ် (၁)၊ အပန်းဖြေရိပ်သာခမ်းမ (Recreation Centre) ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထို အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လျှပ်စစ် နှင့် စက်မှုဝန်ကြီး ဦးဥာဏ်ထွန်းဦးမှ တက်ရောက်ချီးမြင့်ခဲ့ပြီး ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) မှဆရာဝန် (၄၁) ဦး၊ ဆေးတက္ကသိုလ် (၂) မှ ဆရာဝန် (၂၁)ဦး၊ မန္တလေး ဆေးတက္ကသိုလ် မှ ဆရာဝန် (၂၀)ဦး၊ မကွေးဆေးတက္ကသိုလ် မှ ဆရာဝန် (၁၂)ဦး၊ တပ်မတော်ဆေးတက္ကသိုလ် မှ ဆရာဝန် (၂)ဦး၊ ပြည်သူကျန်းမာရေး ဆေးတက္ကသိုလ်မှ ဆရာဝန် (၁)ဦး၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ် မှ ဆရာဝန် (၁)ဦး၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မှ ဆရာဝန် (၁)ဦး နှင့် သူနာပြုတက္ကသိုလ် မှ ဆရာဝန် (၁)ဦး၊ စုစုပေါင်း ဆရာဝန် (၁၀၁)ဦး၊ မင်္ဂလာမြန်မာမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် တာဝန်ရှိသူတို့လည်း တက်ရောက်ခဲ့ပါသည်။ 
ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန် ဆေးတက္ကသိုလ် (၁)၏ ပါမောက္ခချုပ် ဒေါက်တာသန်းချို မှ အဖွင့်အမှာစကား ပြောကြား ပေးခဲ့ပါသည်။  ထို့နောက် အနုဇီဝဗေဒ ဌာန၏ ပါမောက္ခဌာနမှူးဖြစ်သူ ဒေါက်တာကြည်ကြည်သင်းမှ ယခင်ကျင်းပပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲနှစ်ခုအကြောင်းကို ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။ ပြီးနောက် အမေရိကန် နိုင်ငံ Perdana University Graduate School of Medicine,Johns Hopkins University  မှ Dr. Charles Wiener, Dr. Nichole Shilkofsk, Dr. Juriah Abdullah တို့နှင့် ဆေးတက္ကသိုလ်များ၏ ပါမောက္ခချုပ်ကြီးများ၊ ဆရာဆရာမများ၊ ဧည့်သည်တော်များသည် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ နှင့် ဒုတိယနေ့ အား ဆေးတက္ကသိုလ် (၁) ရှိ Presentation Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် အမေရိကန် နိုင်ငံ Perdana University Graduate School of Medicine,Johns Hopkins University  မှ Dr. Charles Wiener, Dr. Nichole Shilkofski နှင့် Dr. Juriah Abdullah တို့မှ ဦးဆောင်၍ ဖိတ်ကြားထားသော ဆေးတက္ကသိုလ် အသီးသီးမှ ဆရာ၊ ဆရာမများက  Curriculum Development and Pedagogy   နှင့်ပက်သက်၍ “The Genes to Society Medical Paradigm Shift”  ,” Framework for Curriculum Development and Overview of Active Learning Strategies”, “Utilizing Standardized Patients For Medical Curricula”, “Developing Goals and Objectives for Medical School Courses”, “Overview of Team Based Learning(TBL)”, “Overview of Clinical Correlations in a Pre-Clinical Medical Student Curriculum: An Example of Curriculum Development in the 6 Step Framework”, “Inter-professional and Multidisciplinary Learning”, “Item Writing for Multiple Choice Question(MCQ) Exams- Dos and Don’ts” အစရှိသော ခေါင်းစဉ်များကို အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲ၏ နောက်ဆုံးနေ့အား ၂၅.၇.၂၀၁၂ ရက်နေ့တွင် ဆေးတက္ကသိုလ် (၁) ရှိ Presentation Hall ၌ အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီး  ခဲ့ပါသည်။
ယခင်ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ နှင့် အမေရိကန်နိုင်ငံရှိ Johns Hopkins University တို့ ပူးပေါင်း ဆောင်ရွက်မှုပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ “ကလေး နှင့် လူကြီး အသက်ကယ် ပြုစုစောင့်ရှောက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Adult  and Pediatric Resuscitation Skills For Medical School)” ကို ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) တွင်  (၂၈ - ၃ - ၂၀၁၂) ရက်နေ့မှ (၃၀ - ၃ - ၂၀၁၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဆေးတက္ကသိုလ် (၁) ရှိ Presentation Hall ၌ ပြုလုပ်ခဲ့ပြီး Johns Hopkins University မှ Dr. Nicole Ann Shikosfski နှင့် Dr. Patrick Ryan Sosnay တို့မှ ဦးဆောင်၍ ဖိတ်ကြားထားသော ဆေးတက္ကသိုလ် အသီးသီးမှ ဆရာ၊ ဆရာမများက  Principles of Basic Life Support (BLS) နှင့်ပက်သက်၍ အပြန်အလှန် ဆွေးနွေးမှုများ နှင့် အသက်ကယ်နည်း သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။
ဒုတိယအကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲဖြစ်သော မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ နှင့် Perdana University Graduate School of Medicine, Johns Hopkins University, တို့ပူးပေါင်းဆောင်ရွက်သည့်  “Collaborative Workshop between University of Medicine – 1 and Perdana Universty School of Medicine and Johns Hopkins University” ကို ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) တွင်  (၇ - ၅ - ၂၀၁၂) ရက်နေ့မှ (၉ - ၅ - ၂၀၁၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲ အား ဆေးတက္ကသိုလ် (၁) ရှိ Presentation Hall ၌ Johns Hopkins University နှင့် Perdana University Graduate School of Medicine မှ Faculty member များဖြစ်သော Dr. Patti Gravitt နှင့် Dr. Anne Rompalo တို့မှ ဦးဆောင်၍ ဖိတ်ကြားထားသော ဆေးတက္ကသိုလ် အသီးသီးမှ ဆရာ၊ ဆရာမများက  Basic Elements of Clinical research study design   နှင့်ပက်သက်၍ အပြန်အလှန် ဆွေးနွေးမှုများမှုများ ပြုလုပ်ခဲ့ပါသည်။





ရှေ့ဆက်၍ အလုပ်ရုံဆွေးနွေးပွဲ များဆက်လက်ကျင်းပနိုင်ရန် U.S. Korea Institute, SAIS၊ Johns Hopkins University၊ မင်္ဂလာမြန်မာ နှင့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ မှ တာဝန်ရှိသူများမှ ဆွေးနွေးမှုများပြုလုပ်လျက်ရှိပါသည်။

Monday, July 23, 2012

The Workshop on Curriculum Development and Pedagogy ဖွင့်ပွဲအား ဆေးတက္ကသိုလ် (၁) ၌ ကျင်းပပြုလုပ်ခြင်း


“The Workshop on Curriculum Development and Pedagogy” ခေါင်းစဉ်ဖြင့် တတိယအကြိမ် မြောက် အလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန်မြို့ ဆေးတက္ကသိုလ် (၁) တွင် (၂၃-၇-၂၀၁၂) ရက်နေ့၌ စတင် ကျင်းပခဲ့ပြီး (၂၃-၇-၂၀၁၂) မှ (၂၅-၇-၂၀၁၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လျှပ်စစ် နှင့် စက်မှု ၀န်ကြီး ဦးဉာဏ်ထွန်းဦး၊ Johns Hopkins University မှ Prof. Dr. Charles Wiener ၊ Dr. Nichole Shilkofski ၊Dr. Juriah Abdullah ၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် Dr. သန်းချို၊ မင်္ဂလာ မြန်မာမှ ဒါရိုက်တာ ဦးဇော်ဦး နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲ၌ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် Dr. သန်းချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး Johns Hopkins University နှင့် Perdana University Graduated School of Medicine မှ Dean/CEO ဖြစ်သူ Prof. Dr. Charles Wiener ၊ Dr. Nichole Shilkofski (Vice Dean of Education) ၊ Dr. Juriah Abdullah (Director of Clinical Skills Unit) တို့မှ ဦးဆောင်၍ ဖိတ်ကြားထားသော ရန်ကုန်မြို့ရှိ ဆေးတက္ကသိုယ် (၁)၊ ဆေးတက္ကသိုလ်(၂)၊ မန္တလေး ဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ်၊ ပြည်သူ့ကျန်မာရေး ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင် တက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နှင့် သူနာပြုတက္ကသိုလ်တို့မှ ဆရာ/ဆရာမ (၁၀၁) ဦးတို့မှ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား Johns Hopkins University, School of Advanced International Studies, U.S. Korea Institute နှင့် မင်္ဂလာ မြန်မာ တို့၏ ထောက်ပံ့ကူညီ ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံတွင် တက္ကသိုလ်အဆင့် ပညာရေး အဆင့်အတန်း မြင့်တင်ရေး အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ နှင့် အမေရိကန် နိုင်ငံရှိ Johns Hopkins University တို့ ပူးပေါင်း ဆောင်ရွက်မှုခြင်းဖြစ်ပါသည်။









Saturday, July 21, 2012

Friday, July 20, 2012

Wednesday, July 18, 2012

အာဇာနည်နေ့

                 ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်ဆောင်ကြီး ကိုးဦ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ပြီး ယနေ့ထက်တိုင် အောင်းမေ့ သတိရကာ အမှတ်တရ ကျင်းပလျက်ရှိသည်။

အဆိုးဆုံး ရေခဲတောင်ပြိုကျမှု


Monday, July 16, 2012

Saturday, July 14, 2012

Improve Community Skill of Micro Finance Institute

     
         မင်္ဂလာမြန်မာ အဖွဲ့အစည်းအနေဖြင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု
လုပ်ငန်းများကို ဆင်းရဲနွမ်းပါမှု လျှော့ချရေး၊ ရပ်ရွာလူထု၏ ပညာရေး၊ ကျန်းမာရေး၊
စီးပွာရေးဏ္ဍ တို့တွင် ကူညီဆောင်ရွက်လျှက် ရှိပါသည်။ ထိုကဲ့သို့
ဆောင်ရွက်နိုင်ရန်  မင်္ဂလာမြန်မာ အဖွဲ့ဝင်များသို့ နိုင်ငံခြားမှ လာရောက်ပြုလုပ်သည့်
သင်တန်းများ အပြင် ရုံတွင်းသင်တန်းများကိုလည်း စဉ်ဆက်မပျက်ပြု လုပ်လျှက်
ရှိပါသည်။
         ယခုအခါတွင်မင်္ဂလာမြန်မာ အဖွဲ့ဝင်အား အသေးစား ငွေရေးကြေးရေး
လုပ်ငန်းအတွက် Center For Agriculture and Rural Development (CARD) မှ နည်းပညာအကူအညီများ ပံ့ပိုးပေးလျှက် ရှိပါသည်။ အဆိုပါ CARD အဖွဲ့
အစည်းမှ Mr. Emmanuel Angeles က မင်္ဂလာ မြန်မာ အဖွဲ့ဝင်များအား
အသေး စား ငွေရေးကြေးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စွမ်းဆောင်ရည် တိုးတက် လာစေရန်အတွက် Improve Community Skill of Micro Finance Institute
ခါင်းစဉ်ဖြင့် Capacity Building ဆွေးနွေးပွဲအား (14.7.2012) မှ (16.7.2012)
အထိ မင်္ဂလာမြန်မာရုံး၌ ပြုလုပ်လျှက် ရှိကြောင်း သိရှိရပါသည်။

Friday, July 13, 2012

မင်္ဂလာမြန်မာ မှ အမျိုးသမီး ဦးဆောင်သော အဖွဲ့များ ပေါ်ပေါက်လာစေရန် နှင့် ၄င်းတို့ အဖွဲ့အစည်းများ ရေရှည် ရပ်တည်နိုင်ရေး အတွက် အသေးစား ငွေချေးလုပ်ငန်းများ လုပ်ဆောင်ပေးလျှက်ရှိကြောင်း




အမျိုးသမီးများ ဦးဆောင်သော အဖွဲ့များ ပေါ်ပေါက် လာစေရန် နှင့် ၄င်းအဖွဲ့များ ရှေရှည် ရပ်တည်နိုင်ရေး အတွက် မင်္ဂလာမြန်မာ လူမှုရေး အဖွဲ့အစည်း က စီမံကိန်း တစ်ရပ် ရေးဆွဲ၍ ကူညီပေးလျှက် ရှိပါသည်။
 ယခု စီမံကိန်း အဓိက ရည်ရွယ်ချက်မှာ အမျိုးသမီး အဖွဲ့များ အချင်းချင်း ပူးပေါင်း၍ မိမိတို့၏ အမှန်တကယ် လိုအပ်ချက်များကို ဆန်းစစ်ခြင်း၊ မိမိကိုယ်မိမိ တာဝန်ယူ တက်စေရန်၊ အချင်းချင်း ပူးပေါင်း ဆောင်ရွက်၍ ရလာသော ဆုံးဖြတ်ချက်အား  စုပေါင်း လုပ်ဆောင် တက်စေရန်၊ ငွေစုခြင်း အလေ့အထများ ပေါ်ပေါက်လာစေရန် နှင့် အသေးစား အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ လုပ်ကိုင်နိုင် စေရန် ရည်ရွယ်၍ အသေးစား ငွေစု၊ ငွေချေး သင်တန်း (Microcredit Workshop) နှင့် အခြား သက်ဆိုင်ရာ အဖွဲ့လိုက် ဆွေးနွေးပွဲများကို ကို ပြုလုပ် ပေးခဲ့ပါသည်။



ထိုအပြင် မင်္ဂလာမြန်မာမှ ထိုအဖွဲ့လေးများရေရှည် တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်၍ အသေးစား ငွေစုငွေချေး လုပ်ငန်းများကို ရန်ကုန်မြို့အတွင်း ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ် နှင့် အခြားသော မြို့နယ် (၅)မြို့နယ် တို့တွင် စတင်၍ အသေးစား ချေးငွေများကို ထုတ်ပေးလျှက် ရှိပါသည်။  ထိုကဲ့သို့ ဆွေးနွေးပွဲများ နှင့် အသေးစားချေးငွေလုပ်ငန်းသည် ဆင်းရဲနွမ်းပါးမှု လျော့ချရေး ကို အထောက်အကူ ဖြစ်စေခြင်း၊ အရပ်ဖက် အဖွဲ့အစည်းများ (Community Based Organization) များ ရပ်တည်ချက် ခိုင်မာလာရေး၊ ကိုယ့်အားကိုယ်ကိုး အဖွဲ့ငယ်လေးများ ရေရှည် တည်တံ့ခိုင်မြဲရေး (Self-Help Group)၊ ရပ်ရွာလူထု ပညာရေး ရန်ပုံငွေများ ထူထောင်နိုင်ရေး၊ မိမိတို့ စုဆောင်းငွေများမှ ကျန်းမာရေး ဆိုင်ရာ ရန်ပုံငွေများ ရရှိခြင်း၊ စသည်တို့ဖြင့် မိမိတို့ လက်ရှိ ရှိပြီးသား စွမ်းဆောင်ရည်များ ကို မိမိတို့ ကိုယ်တိုင် ထုတ်ဖော် မြှင့်တင်နိုင်စေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ထိုစီမံကိန်းအား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။

Wednesday, July 11, 2012