Monday, July 23, 2012

The Workshop on Curriculum Development and Pedagogy ဖွင့်ပွဲအား ဆေးတက္ကသိုလ် (၁) ၌ ကျင်းပပြုလုပ်ခြင်း


“The Workshop on Curriculum Development and Pedagogy” ခေါင်းစဉ်ဖြင့် တတိယအကြိမ် မြောက် အလုပ်ရုံဆွေးနွေးပွဲအား ရန်ကုန်မြို့ ဆေးတက္ကသိုလ် (၁) တွင် (၂၃-၇-၂၀၁၂) ရက်နေ့၌ စတင် ကျင်းပခဲ့ပြီး (၂၃-၇-၂၀၁၂) မှ (၂၅-၇-၂၀၁၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လျှပ်စစ် နှင့် စက်မှု ၀န်ကြီး ဦးဉာဏ်ထွန်းဦး၊ Johns Hopkins University မှ Prof. Dr. Charles Wiener ၊ Dr. Nichole Shilkofski ၊Dr. Juriah Abdullah ၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် Dr. သန်းချို၊ မင်္ဂလာ မြန်မာမှ ဒါရိုက်တာ ဦးဇော်ဦး နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲ၌ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် Dr. သန်းချိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး Johns Hopkins University နှင့် Perdana University Graduated School of Medicine မှ Dean/CEO ဖြစ်သူ Prof. Dr. Charles Wiener ၊ Dr. Nichole Shilkofski (Vice Dean of Education) ၊ Dr. Juriah Abdullah (Director of Clinical Skills Unit) တို့မှ ဦးဆောင်၍ ဖိတ်ကြားထားသော ရန်ကုန်မြို့ရှိ ဆေးတက္ကသိုယ် (၁)၊ ဆေးတက္ကသိုလ်(၂)၊ မန္တလေး ဆေးတက္ကသိုလ်၊ မကွေးဆေးတက္ကသိုလ်၊ တပ်မတော် ဆေးတက္ကသိုလ်၊ ပြည်သူ့ကျန်မာရေး ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင် တက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် နှင့် သူနာပြုတက္ကသိုလ်တို့မှ ဆရာ/ဆရာမ (၁၀၁) ဦးတို့မှ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား Johns Hopkins University, School of Advanced International Studies, U.S. Korea Institute နှင့် မင်္ဂလာ မြန်မာ တို့၏ ထောက်ပံ့ကူညီ ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံတွင် တက္ကသိုလ်အဆင့် ပညာရေး အဆင့်အတန်း မြင့်တင်ရေး အတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ နှင့် အမေရိကန် နိုင်ငံရှိ Johns Hopkins University တို့ ပူးပေါင်း ဆောင်ရွက်မှုခြင်းဖြစ်ပါသည်။









No comments: