Saturday, July 14, 2012

Improve Community Skill of Micro Finance Institute

     
         မင်္ဂလာမြန်မာ အဖွဲ့အစည်းအနေဖြင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှု
လုပ်ငန်းများကို ဆင်းရဲနွမ်းပါမှု လျှော့ချရေး၊ ရပ်ရွာလူထု၏ ပညာရေး၊ ကျန်းမာရေး၊
စီးပွာရေးဏ္ဍ တို့တွင် ကူညီဆောင်ရွက်လျှက် ရှိပါသည်။ ထိုကဲ့သို့
ဆောင်ရွက်နိုင်ရန်  မင်္ဂလာမြန်မာ အဖွဲ့ဝင်များသို့ နိုင်ငံခြားမှ လာရောက်ပြုလုပ်သည့်
သင်တန်းများ အပြင် ရုံတွင်းသင်တန်းများကိုလည်း စဉ်ဆက်မပျက်ပြု လုပ်လျှက်
ရှိပါသည်။
         ယခုအခါတွင်မင်္ဂလာမြန်မာ အဖွဲ့ဝင်အား အသေးစား ငွေရေးကြေးရေး
လုပ်ငန်းအတွက် Center For Agriculture and Rural Development (CARD) မှ နည်းပညာအကူအညီများ ပံ့ပိုးပေးလျှက် ရှိပါသည်။ အဆိုပါ CARD အဖွဲ့
အစည်းမှ Mr. Emmanuel Angeles က မင်္ဂလာ မြန်မာ အဖွဲ့ဝင်များအား
အသေး စား ငွေရေးကြေးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် စွမ်းဆောင်ရည် တိုးတက် လာစေရန်အတွက် Improve Community Skill of Micro Finance Institute
ခါင်းစဉ်ဖြင့် Capacity Building ဆွေးနွေးပွဲအား (14.7.2012) မှ (16.7.2012)
အထိ မင်္ဂလာမြန်မာရုံး၌ ပြုလုပ်လျှက် ရှိကြောင်း သိရှိရပါသည်။

No comments: