Friday, July 13, 2012

မင်္ဂလာမြန်မာ မှ အမျိုးသမီး ဦးဆောင်သော အဖွဲ့များ ပေါ်ပေါက်လာစေရန် နှင့် ၄င်းတို့ အဖွဲ့အစည်းများ ရေရှည် ရပ်တည်နိုင်ရေး အတွက် အသေးစား ငွေချေးလုပ်ငန်းများ လုပ်ဆောင်ပေးလျှက်ရှိကြောင်း




အမျိုးသမီးများ ဦးဆောင်သော အဖွဲ့များ ပေါ်ပေါက် လာစေရန် နှင့် ၄င်းအဖွဲ့များ ရှေရှည် ရပ်တည်နိုင်ရေး အတွက် မင်္ဂလာမြန်မာ လူမှုရေး အဖွဲ့အစည်း က စီမံကိန်း တစ်ရပ် ရေးဆွဲ၍ ကူညီပေးလျှက် ရှိပါသည်။
 ယခု စီမံကိန်း အဓိက ရည်ရွယ်ချက်မှာ အမျိုးသမီး အဖွဲ့များ အချင်းချင်း ပူးပေါင်း၍ မိမိတို့၏ အမှန်တကယ် လိုအပ်ချက်များကို ဆန်းစစ်ခြင်း၊ မိမိကိုယ်မိမိ တာဝန်ယူ တက်စေရန်၊ အချင်းချင်း ပူးပေါင်း ဆောင်ရွက်၍ ရလာသော ဆုံးဖြတ်ချက်အား  စုပေါင်း လုပ်ဆောင် တက်စေရန်၊ ငွေစုခြင်း အလေ့အထများ ပေါ်ပေါက်လာစေရန် နှင့် အသေးစား အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ လုပ်ကိုင်နိုင် စေရန် ရည်ရွယ်၍ အသေးစား ငွေစု၊ ငွေချေး သင်တန်း (Microcredit Workshop) နှင့် အခြား သက်ဆိုင်ရာ အဖွဲ့လိုက် ဆွေးနွေးပွဲများကို ကို ပြုလုပ် ပေးခဲ့ပါသည်။



ထိုအပြင် မင်္ဂလာမြန်မာမှ ထိုအဖွဲ့လေးများရေရှည် တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်၍ အသေးစား ငွေစုငွေချေး လုပ်ငန်းများကို ရန်ကုန်မြို့အတွင်း ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ် နှင့် အခြားသော မြို့နယ် (၅)မြို့နယ် တို့တွင် စတင်၍ အသေးစား ချေးငွေများကို ထုတ်ပေးလျှက် ရှိပါသည်။  ထိုကဲ့သို့ ဆွေးနွေးပွဲများ နှင့် အသေးစားချေးငွေလုပ်ငန်းသည် ဆင်းရဲနွမ်းပါးမှု လျော့ချရေး ကို အထောက်အကူ ဖြစ်စေခြင်း၊ အရပ်ဖက် အဖွဲ့အစည်းများ (Community Based Organization) များ ရပ်တည်ချက် ခိုင်မာလာရေး၊ ကိုယ့်အားကိုယ်ကိုး အဖွဲ့ငယ်လေးများ ရေရှည် တည်တံ့ခိုင်မြဲရေး (Self-Help Group)၊ ရပ်ရွာလူထု ပညာရေး ရန်ပုံငွေများ ထူထောင်နိုင်ရေး၊ မိမိတို့ စုဆောင်းငွေများမှ ကျန်းမာရေး ဆိုင်ရာ ရန်ပုံငွေများ ရရှိခြင်း၊ စသည်တို့ဖြင့် မိမိတို့ လက်ရှိ ရှိပြီးသား စွမ်းဆောင်ရည်များ ကို မိမိတို့ ကိုယ်တိုင် ထုတ်ဖော် မြှင့်တင်နိုင်စေခြင်း စသည့် ရည်ရွယ်ချက်များဖြင့် ထိုစီမံကိန်းအား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါသည်။

No comments: