Sunday, May 22, 2011

တာချီလိတ်ခရိုင်၊ တာလေမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် ယာယီအဆောက်အဦများ ဆောက်လုပ်ပေးခဲ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ရှိ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် မင်္ဂလာမြန်မာမှ ဒေါက်တာဖုန်းဝင်း၊ ဒေါ်သူဇာဝင်းနှင့် ဦးသန့်ဇော်တို့က ဦးဆောင်၍ ယာယီအဆောက်အဦများကို ဧပြီလ (၇) ရက်နေ့မှ စတင်ဆောက်လုပ်ပေးခဲ့ပါသည်။
မင်္ဂလာမြန်မာသည် တာလေမြို့နယ်အတွင်းရှိ ဒေသခံ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း၍ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲ၊ မိုင်းလင်းအရှေ့နှင့် မိုင်လင်းအနောက် ကျေးရွာအုပ်စုတို့ရှိ ကျေးရွာပေါင်း (၂၂) ရွာတွင် ယာယီ အဆောက်အဦ (၃၅၇) လုံးအား သွပ်မိုး၊ ၀ါး၊ ဓနိ၊ သစ်တို့ဖြင့် တည်ဆောက်ပေးခဲ့ပြီး ဖြစ်ပါသည်။
အထက်ပါ အစီအစဉ်များကို American Jewish Joint Distribution Committee (JDC) အဖွဲ့နှင့် အစားအသောက်နှင့် ရေသန့်ရရှိရေးကို ကြွယ်ဇေယျ ဖော့ပုံးစက်ရုံတို့မှ ပံ့ပိုးကူညီ၍ မင်္ဂလာမြန်မာက အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါသည်။




No comments: