Friday, September 28, 2012

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား (IRI) မှ ဒါရိုက်တာ နှင့် အဖွဲ့ လာရောက်တွေ့ဆုံ


         ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား အမေရိကန် ပြည်ထောင်စု International Republican  Institute (IRI) မှ ဒါရိုက်တာ Ms.Johanna Kao နှင့် အဖွဲ့သည် စက်တင်ဘာလ ၂၀ ရက်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ လွှတ်တော်ကော်မတီ အစည်းအဝေးဆောင် အမှတ်(၁) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
         ယင်းသို့တွေ့ဆုံစဉ် နိုင်ငံတကာရှိ ပါလီမန်များ၏ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများ လွှတ်တော် အတွင်း Capacity မြှင့်တင်မှုအတွက် အတွေ့အကြုံဖလှယ်ရေး နှင့် အလုပ်ရုံဆွေးနွေးပွဲများ Training များနှင့် စပ်လျဉ်း၍ ပေါင်းစပ်အကူအညီပေးနိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည်။
         ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

No comments: