Thursday, September 27, 2012

“US-Myanmar Track 1.5 Dialogue” ဒုတိယအကြိမ် ဆွေးနွေးပွဲ ကျင်းပရန် မင်္ဂလာမြန်မာမှ ကူညီပေးလျှက်ရှိ


                      Johns Hopkins University, School of Advanced International Studies ‘`SAIS’´  မှ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့တော်တွင် ကြီးမှူး ကျင်းပမည့်  US-Myanmar Track 1.5 Dialogue ဒုတိယအကြိမ် ဆွေးနွေးပွဲ ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့ နှင့် (၃)ရက်နေ့ တို့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
                        US-Myanmar Track 1.5 Dialogue ဒုတိယအကြိမ် ဆွေးနွေးပွဲသို့ တက်ရောက် ရန် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်း နှင့် ရထားပို့ဆောင်ရေး ဒုတိယ၀န်ကြီး သူရဦးသောင်လွင်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ တွင် ရန်ကုန်မြို့မှ ထွက်ခွာမည်ဖြစ်ပါသည်။ ထိုသို့သွားရောက်ရန်အတွက် မြန်မာနိုင်ငံရှိ Myanmar NGO တစ်ခု ဖြစ်သော မင်္ဂလာ မြန်မာမှ ကူညီစီစဉ် ဆောင်ရွက်ပေးလျှက် ရှိပါသည်။
                        အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ အစိုးရ ၀န်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ နိုင်ငံတော်သမ္မတ၏ အကြံပေးများ၊ နိုင်ငံရေးပါတီ နှင့် မြန်မာ NGO မှ ပုဂ္ဂိုလ်များ ပါဝင် ဆွေးနွေးကြ မည်ဖြစ်ပြီး၊ အမေရိကန်ဘက်မှလည်း အလားတူ အစိုးရမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ NGO များမှပုဂ္ဂိုလ်များ ပါဝင်ဆွေးနွေးကြမည် ဖြစ်ကြောင်း သတင်းရ ရှိပါသည်။
                  

                           

No comments: