တူးမြောင်းကျေးရွာ၏ ရပ်ရွာလူထုပိုင် ဆန်ဘဏ်အောင်မြင်နေ
ဧရာဝတီတိုင်းဒေသကြီး၊
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ၊် မြင့်ကကုန်းအုပ်စ၊ု တူးမြောင်းကျေးရွာတွင် ရပ်ရွာလူထုပိုင်
ဆန်ဘဏ်ကို ဒေါ်ခင်မြင့်မော် ၊ ဦးတိုးလှိုင် ၊ ဦးဖိုးတိုး ၊ ဦးစိုးဝင်း ဦးဆောင်မှုဖြင့်
အိမ်ထောင်စု (၂၅) အိမ်ထောင်စုသည် မင်္ဂလာမြန်မာဧ။် လူမှုဘ၀ ထူထောင်ရေး အထောက်အပံ့ဖြင့်
၂၀၁၀ ခုနှစ်တွင် စတင် တည်ထောင် ဆောင်ရွက်ခဲ့ပါသည်။ ထို့အိမ်ထောင်စု (၂၅) စုသည်ဆန်ဘဏ်
တည်ထောင်ခြင်းဖြင့် မိသားစု စားသုံးရန် ဆန်အလုံအလောက် ၀ယ်ယူစားသုံးနိုင်ခဲ့၍ မိသားစု၏
စားနပ်ရိက္ခာ ဖူလုံရေး အတွက် စိတ်အေးချမ်းသာစွာ စီမံ ဖြည့်တင်းနိုင်ခဲ့ပါသည်။
တူမြောင်းကျေးရွာသည် လယ်လုပ်ငန်းကို
အဓိကအသက်မွေးဝမ်းကြောင်းအနေဖြင့် ပြုလုပ်သော်လည်း အိမ်ထောင်စုဝင် အများစုမှာ လက်လုပ်လက်စားသမားများ
ဖြစ်ကြပါသည်။ ထို့ကြောင့် အထက်ပါ ရွာသူရွာသား များ ဦးစီး၍ မိသားစုစားသုံးရန် ဆန်အလုံအလောက်
ရရှိရန်နှင့် ကျေးရွာဖွံ့ဖြိုး တိုးတက် စေရန် မင်္ဂလာမြန်မာ၏ ပံ့ပိုးကူညီမှုဖြင့် ဆန်ဘဏ်အဖွဲ့ကို
စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။
ဆန်ဘဏ်အဖွဲ့ဝင်များဧ။် အစည်းဝေး ကို (၁)လ တစ်ကြိမ်
ပုံမှန်ပြုလုပ်၍ ဆန်များဖြန့်ဝေပေးခြင်း၊ စည်းကမ်းများ ရေးဆွဲခြင်း၊ နောက်ထပ်မံတိုးမည့်
အိမ်ထောင်စုဝင်များတွက် စုပေါင်း ပါဝင် ဆွေးနွေးခြင်း၊ ရပ်ရွာဧ။်သာရေးနာရေး လုပ်ငန်းများအား
ပံ့ပိုးရန် စုပေါင်းပါဝင် ဆွေးနွေး ဆုံးဖြတ် ခြင်းများ ပြုလုပ်ခဲ့ပါ သည်။ ဆန်ဘဏ်တွင် စားနပ်ရိက္ခာ
အတွက် စုငွေများပုံမှန် စုဆောင်းလာခဲ့ရာမှ စားနပ်ရိက္ခာ လုံလောက်စွာ ၀ယ်ယူနိုင်သည့်အပြင် အပိုငွေများကို
ကျေးရွာအတွက် လိုအပ် သော နေရာများတွင် ပါဝင် ပံ့ပိုးထောက်ပံ့ ပေးနိုင်ခဲ့ပါသည်။

ဆန်ဘဏ်ဧ။် အဖွဲ့ဝင်များတက်ကြွစွာ
စုပေါင်းလုပ်ဆောင်မှုကြောင့် ယခင်အိမ်ထောင်စု (၂၅) စု၊ လူဦးရေ (၁၂၅) ယောက်ကို ဆန်များပေးဝေခဲ့ရာမှ
ယခုအခါ အိမ်ထောင်စု (၇၁) အိမ်ထောင်စု၊ လူဦးရေ (၃၆၀) ယောက်၏ စားနပ်ရိက္ခာဖူလုံရေး အတွက်
တိုးချဲ့ ဆောင်ရွက်ပေးနိုင်လျှက် ရှိပါသည်။
တူးမြောင်းကျေးရွာသည် အိမ်ထောင်စု
(၁၉၃) စု လူဦးရေ (၈၅၁) ယောက်ရှိကြောင်းသိရပါသည်။
အသေးစိတ်များကိုစုံစမ်းလိုပါက
ဦးသန့်ဇော် မင်္ဂလာမြန်မာ
၀၉ ၈၅၅၃၁၉၃
ဒေါ်ခင်မြင့်မော် တူးမြောင်းကျေးရွာ ၀၉ ၄၉၇၁၄၀၄၀
မင်္ဂလာမြန်မာ
No comments:
Post a Comment