Monday, June 4, 2012


ပိုလန်စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ မြန်မာပြည်သို့လာရောက် ဆွေးနွေး

၂၀၁၂ ခုနှစ်၊ မေလ (၁၀) ရက်နေ့နေ့လည်ပိုင်းတွင် ရွှေဂုံတိုင် ဒဂုံတာဝါရှိ မင်္ဂလာမြန်မာ ရုံးချုပ်၌ မင်္ဂလာမြန်မာ၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သော ဒေါက်တာဖုန်းဝင်း နှင့် ဒေါ်ယူဇာမော်ထွန်း တို့အပါအ၀င် ပိုလန်နိုင်ငံမှ စီးပွားရေးလုပ်ငန်း (၁၀) ခုနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သောတွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် မင်္ဂလာမြန်မာ၏ ဒါရိုက်တာတစ်ဦးဖြစ်သော ဒေါ်ယူဇာမော်ထွန်းမှ ကုမ္မဏီဖွဲ့စည်းပုံနှင့် ပတ်သက်သော အကြောင်းအရာများနှင့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအကြောင်းကို ပထမဦးစွာပြောကြား ခဲ့ပြီးနောက် ဒါရိုက်တာဒေါက်တာဖုန်းဝင်းမှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ယခင်နှစ် (၂၀) အတွင်းလုပ်ငန်းအခြေအနေနှင့် ယခုလက်ရှိ အခြေအနေများ ကိုနှိုင်းယှဉ်၍ဆွေးနွေးတင်ပြသွားခဲ့ပါသည်။ ထို့နောက်တွင် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူနိုင်ငံခြား ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ အစရှိသော အကြောင်းအရာများကိုလည်း ဆွေးနွေးသွားခဲ့ပါသည်။


No comments: