Tuesday, June 19, 2012


မင်္ဂလာမြန်မာ အသေးစားငွေရေးကြေးရေးအသင်းအားဂျာမန်နှင့်ဖိလစ်ပိုင်အဖွဲ့တို့မှ 

နည်းပညာများ  သင်တန်းပို့ချခြင်း
         
     မင်္ဂလာမြန်မာ အသေးစားငွေရေးကြေးရေး လုပ်ငန်းတွင် ပါဝင်လုပ်ဆောင်ရမည့် မင်္ဂလာမြန်မာ လုပ်ငန်းအဖွဲ့အတွက် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ( Financial Management ) ခေါင်းစဉ်ဖြင့် (SBFIC) နှင့် ဖိလစ်ပိုင်နိုင်ငံ (CARD) တို့သည် (၁၁-၆-၂၀၁၂) မှ (၁၅-၆-၂၀၁၂) ရက်နေ့အထိ ဒဂုံတာဝါ၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ် တွင် သင်ကြားပို့ချခဲ့ပါသည်။

          အဆိုပါသင်တန်းတွင် CARD အဖွဲ့အစည်းမှ Mr. M.LERON နှင့် Ms. BALLARES တို့သည် (1) Basic Accounting and Financial Analysis (2) Introduction and Development of Different Systems and Procedures (3) Managing Financial System at all Levels of the Organization (4) Developed Forms for Operation စသည့် သင်ခန်းစာများအား သင်ကြားပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းအား မင်္ဂလာမြန်မာအသေးစား ငွေရေးကြေးရေးလုပ်ငန်းမှ ဦးဇော်ဦးခေါင်းဆောင်သည့် အဖွဲ့ဝင်(၇)ဦးတို့အပြင် Myanmar Development Partner အဖွဲ့မှ အဖွဲ့ဝင် (၅)ဦးလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

   မင်္ဂလာမြန်မာ အသေးစားငွေရေးကြေးရေး လုပ်ငန်းအတွက် Project Agreement အား မင်္ဂလာမြန်မာမှ ဒေါက်တာဖုန်းဝင်းနှင့် Savings Banks Foundation for International Cooperation (SBFIC) မှ စီမံကိန်းမန်နေဂျာ ဖြစ်သူ Mrs. NICOLE BRAND တို့သည် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး၊ အသေးစားငွေရေးကြေးရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဥက္ကဌဖြစ်သူ ဒေါ်စန်းစန်းနွယ်၏ ရှေ့မှောက်တွင် Park Royal Hotel ၌ (၁၃-၆-၂၀၁၂) နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။

   စီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်မှ စတင်ဆောင်ရွက်မည် ဖြစ်ပြီး၊ (၁၀) မြို့နယ်အထိ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

         စီမံကိန်းကာလမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အထိဖြစ်ပြီး စီမံကိန်းကုန်ကျငွေမှာ Euro ၂၀၀,၀၀၀ ခန့်ဖြစ်ပါသည်။ စီမံကိန်း ကုန်ကျငွေများကို ဂျာမနီသမ္မတနိုင်ငံ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ( German Federal Ministery for Economic Cooperation and Development - BMZ ) မှ ပံ့ပိုးကူညီသွားမည် ဖြစ်ပါသည်။



No comments: