Wednesday, June 6, 2012


Democracy-Lessons Learned Workshop အောင်မြင်စွာ ကျင်းပပြီးစီး
     
   ပိုလန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန၊ Community of Democracies International Organization နှင့် Poland Aid တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံတွင် “Democracy-Lessons Learned” အမည်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကိုရန်ကုန်မြို့ရှိ Sedona Hotel တွင် (၁၀.၅.၂၀၁၂) မှ (၁၄.၅.၂၀၁၂) အထိ ငါးရက် တိုင်တိုင်အောင်မြင်စွာပြုလုပ်ကျင်းပပြီးစီးခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် မင်္ဂလာမြန်မာနှင့် အခြားပြည်တွင်းအဖွဲ့အစည်းများ ပူပေါင်း၍ ပံ့ပိုးကူညီပေးခဲ့ကြပါ သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို (၁၀ -  ၅ - ၂၀၁၂) ရက်နေ့ နေ့လည် (၁၂း၃၀) တွင် Sedona Hotel ၏ Executive Room ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထို အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပိုလန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Radosław Sikorski တက်ရောက် ချီးမြှင့်၍ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် ဥက္ကဌဖြစ်သူဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ဝင်များ၊ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များ၊ သတင်းထောက်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့်  စိတ်ပါဝင်စားသူ ၃၂ယောက်တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပိုလန်နိုင်ငံမှနိုင်ငံခြားရေးဝန်ကြီး H.E. Mr.Radosław Sikorski မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်။ ထို့နောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဖြစ်သူဒေါ်အောင်ဆန်းစုကြည် မှကျေးဇူးတင်စကားပြောကြားပေးခဲ့ပါသည်။ ဆက်လက်ပြီး ပိုလန်နိုင်ငံခြားရေးဝန်ကြီး မှ Polish Democracy Caseနှင့် ပတ်သက်၍ ဟောပြောဆွေးနွေးပြီး အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့ကို စတင်ခဲ့ပါသည်။ ထို့နောက် ပိုလန်နိုင်ငံမှ Mr. Marcin Bosacki, Spokeman, Ministry of Foreign Affairs of Poland ၊ Mr. Wojciech Cegielski, Journalist, Polish Radio ၊ Mr. Piotr Gulcznski, President, Lech Walesa Institute ၊ Amb. Dr. Krzysztof Olendzki, Executive Director,Permanent Secretariat, Communities of Democracies ၊ Amb. Dr. Krzysztof Olendzki, Deputy Director, Development Co-operation Department, MFA Poland ၊ Mr. Konrad Piasecki, Journalist, RMF-FM Radio, TVN 24 ၊ Mr. Michal Safianik, Deputy Executive Director, Permanent Secretariat, Communities of Democracies တို့မှ ဦးဆောင်၍ ပိုလန်နိုင်ငံနိုင်ငံ၏ငြိမ်းချမ်းသောပြုပြင်ပြောင်းလဲမှုဖြစ်စဉ်များနှင့် Media သဘောတရား များကို ဟောပြော၍ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
          အလုပ်ရုံဆွေးနွေးပွဲ၏ ကျန်ရှိသောရက်များကို Sedona Hotel ၏ အလုံ ခမ်းမတွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ပိုလန်နိုင်ငံမှ ပညာရှင်များကငြိမ်းချမ်းသော ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုဖြစ်စဉ်များ၊ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုကာလတွင် စတုတ္တမဏ္ဍိုင်ြဖစ်သော မီဒီယာအခန်းကဏ္ဍ၏ အရေးပါမှု၊ အကူးအပြောင်းကာလတွင် Polish Church များ၏ အခန်းကဏ္ဍ ၊ Academic Culture ၊ Think Tank Culture ၊ Reconstruction of Civil Society ၊  How to open the Local Structure ၊ Free Media Reporting ၊ Public issues and Private issues အစရှိသည်များကို ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ တက်ရောက်သူများမှလည်းမြန်မာနိုင်ငံ၏ဖြစ်နိုင်ချေရှိသောနိုင်ငံရေးအခင်းအကျင်း ၊ ပိုလန်နိုင်ငံရေးအပြောင်းအလဲမှ ရရှိသော Democracy Lessons များ ၊ မြန်မာနိုင်ငံရေး အပြောင်းအလဲ ကာလတွင် ပထမဦးစားပေး ဆောင်ရွက်ရမည့် အချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။




No comments: