Friday, June 15, 2012


ပိုလန် ဖွံ့ဖြိုးရေး အစီအစဉ် မှ အရေးပေါ်လူနာတင်ယာဉ် ဆက်စပ်ပစ္စည်းများ လှူဒါန်း ရန်
မင်္ဂလာမြန်မာ နှင့် လက်မှတ်ရေးထိုးပွဲ ကျင်းပ


            ပိုလန်နိုင်ငံ၊ ပိုလန် ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်မှ ၁၃-၆-၂၀၁၂ ရက် (ဗုဒ္ဓဟူးနေ့) က မင်္ဂလာမြန်မာ နှင့် အရေးပေါ် လူနာ တင်ယာဉ် ဆက်စပ်ပစ္စည်းများ လှူဒါန်းရန် လက်မှတ်ရေးထိုးပွဲ တစ်ရပ်ကို ထို့နေ့ ညနေ ၆ နာရီခွဲ အချိန်က Charitum Hotel တွင် ပြုလုပ်ခဲ့သည်။

            ထိုပွဲတွင် ပိုလန်နိုင်ငံ၏ First Secretary, Political Section မှ Mr. Adam Dyszlewski နှင့် မင်္ဂလာမြန်မာ မှ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်း တို့ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

            ယခု အရေးပေါ်လူနာတင်ယာဉ် ၏ ဆက်စပ် ပစ္စည်းများကို လှူဒါန်းရခြင်းမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဘေးအန္တရာယ်များ (Disaster)၊ မတော်တဆ ထိခိုက်ရရှိမှုများ၊ ဖျားနာမှုများတွင် လူနာများအား ဆေးရုံသို့ အချိန်မီ ရောက်ရှိစေရန် သယ်ယူရာတွင် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ထားပါသည်။ ထိုစီမံကိန်းတွင် အရေးပေါ် လူနာတင်ယာဉ် ကို မင်္ဂင်္လာမြန်မာ က ၀ယ်ယူ ပံပိုးမည်ဖြစ်ပြီး အရေးပေါ် လူနာတင်ယာဉ် ၀န်ဆောင်မှုကို (၂၄) နာရီ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ပူးပေါင်းပါဝင် ဆောင်ရွက်မည့် ဆေးရုံများဖြင့်လည်း မင်္ဂလာမြန်မာ နှင့် ပိုလန် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် က ဆွေးနွေးလျက် ရှိပါသည်။

    ပိုလန်နိုင်ငံ၊ ပိုလန် ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ ယခုကဲ့သို့ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ ထောက်ပံ့ ဆောင်ရွက်ရခြင်းမှာ တတိယ အကြိမ်ဖြစ်ပြီး ယခင်က မသန်စွမ်းသူများအား ထောက်ပံ့ ကူညီပေးခြင်း အစီအစဉ် နှင့် ရန်ကုန်မြို့နယ်ရှိ ကမာရွတ်မြို့နယ် နှင့် လှိုင်မြို့နယ် တို့ အတွင်းရှိ ကိုယ်ထူကိုယ်ထ ဘုန်တော်ကြီးသင် ပညာရေးကျောင်း များအား ထောက်ပံ့ ကူညီခြင်း အစီအစဉ်တို့ကို ပြုလုပ်ခဲ့ပါသည်။

        ယခု အရေးပေါ် လူနာတင်ယာဉ် စီမံကိန်းပြီးပါက ထပ်မံ၍ အခြားသော ဖွံ့ဖြိုးရေး အစီအစဉ်များကို ပိုလန်နိုင်ငံ ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်မှ ပြုလုပ်သွားရန် ရှိကြောင်း ဖော်ပြအပ်ပါသည်။


No comments: