Monday, June 25, 2012


Capacity Building In Mingalar Myanmar


မင်္ဂလာမြန်မာအဖွဲ့သည်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိကျေးရွာပေါင်း (၄၀၀) ကျော်ခန့် တွင် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့သော ဆောင်ရွက်ချက်များကို မင်္ဂလာမြန်မာအတွင်းရှိ အဖွဲ့ဝင်ပေါင်းများစွာဖြင့် လုပ်ကိုင်ဆောင် ရွက်နေခြင်းဖြစ်ပါသည်။ မင်္ဂလာမြန်မာအနေဖြင့် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ၏ လုပ်ကိုင်နိုင်မှုစွမ်းရည် နှင့် အခြားသောစွမ်းဆောင်ရည်များ မြင့်တက်လာစေရန်ကိုလည်း အမြဲမပြတ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယခုအခါတွင် မင်္ဂလာမြန်မာအတွင်းရှိ အဖွဲ့ဝင်များအား အခြားလုပ်ငန်းများနှင့် ဆက်သွယ်နိုင်မှု အားကောင်းလာစေရန်၊ လူမှုရေးနယ်ပယ်တွင် ပြောဆိုဆက်ဆံနိုင်မှုစွမ်းရည်များ မြင့်တက်လာစေရန်၊ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်စေရန် စသောရည်ရွယ်ချက်ပေါင်းများစွာဖြင့် ရုံးတွင်း Improve Community Skill ခေါင်းစဉ်ဖြင့် ရုံးတွင်း Capacity Building များကို ပြုလုပ်လျက်ရှိပါသည်။

မင်္ဂလာမြန်မာ

No comments: