Tuesday, June 5, 2012


ပိုလန်ဖွံ့ဖြိုးရေး အစီအစဉ်၏ ကူညီမှုဖြင့် မင်္ဂလာမြန်မာမှ ကိုယ်ထူကိုယ်ထ ဘုန်းတော်ကြီးသင်
ပညာသင်ကျောင်းများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်လှူဒါန်း

ပိုလန်နိုင်ငံ ၊ ပိုလန်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Polish Development Cooperation Programme) နှင့် မင်္ဂလာမြန်မာ တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပထမဦးဆုံး အကြိမ် ကိုယ်ထူကိုယ်ထ ဘုန်းတော်ကြီးသင် ပညာသင်ကျောင်းများကို အားပေးသည့် စီမံကိန်းမှ သင်ထောက်ကူ ပစ္စည်းများအား  လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို (၁၀ - ၅ - ၂၀၁၂) ရက်နေ့ မွန်းလွဲ (၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ် ၊ဖြူးစာသင်ကျောင်းလမ်းရှိ ကြံခင်းပရိယတ္တိ စာသင်တိုက်တွင် ကျင်းပပြုလုပ်သွားခဲ့ပါသည်။
          အဆိုပါ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး၊ ဒေါက်တာ မြင့်သိန်း နှင့်  ပိုလန်နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ H.E. Mr. Radoslaw Sikorski နှင့်မြန်မာနိုင်ငံဆိုင်ရာ ပိုလန်နိုင်ငံ သံအမတ်ကြီး Mr. Jerzy Bayer နှင့် မင်္ဂလာမြန်မာ၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာဖုန်းဝင်း တက်ရောက်၍ လွှဲပြောင်းပေးအပ်ပေးခဲ့ကြပါသည်။
ပိုလန်နိုင်ငံ၊ ပိုလန်ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် နှင့် မင်္ဂလာတို့ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် သင်ထောက်ကူပစ္စည်းများပေးလှူခြင်းကို ဧပြီလ စတင်၍ မှ ဇွန်လ ၂၀၁၂ ခုနှစ်အထိ စီမံကိန်းကာလ  (၃) လ ဆောင်ရွက်သွားခဲ့ပြီးဖြစ်ပါသည်။
သင်ထောက်ကူ ပစ္စည်းများကို ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းဖြစ်သည့် လှိုင်မြို့နယ်ရှိ ကြံခင်း ဘုန်းတော်ကြီးကျောင်း၊ ကမာရွတ်မြို့နယ်ရှိအောင်မြေသာစည် ဘုန်းတော်ကြီးကျောင်း၊ ဘုရားသုံးဆူ ဘုန်းတော်ကြီးကျောင်း နှင့် မြတ်လေးရုံ ဘုန်းတော်ကြီးကျောင်း များအား သင်ထောက်ကူ ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ပါသည်။
သင်ထောက်ကူ ပစ္စည်းများအနေဖြင့်ကျောက်သင်ပုန်းများ (White Board) ၊ စာရေးစားပွဲခုံများ၊ ပန်ကာများ ၊ရေကောင်းရေသန့်ရရှိရေးအတွက်ရေသန့်စက်များ၊ရေသိုလှောင်ရန် ဂါလံ (၁၅၀) ဆံ့ စတီးအိုးများ၊ ပတ်ဝန်းကျင် သန့်ရှင်းမှု ထိန်းသိမ်းရေးအတွက် အမှိုက်များအား စနစ်တကျ စွန့်ပစ်ရန် အမှိုက်ပုံးများ၊ စာအုပ်များအား စနစ်တကျ ထားရှိနိုင်ရန်အတွက် စာအုပ်စင်များအား ဆက်လက် ပေးအပ်သွားမည် ဖြစ်ပါသည်။
ပိုလန်နိုင်ငံ၊ ပိုလန်ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် အဖြစ် ယခင်နှစ်မှ စတင် ပြုလုပ်ခဲ့ရာ ယခုမှာ ဒုတိယနှစ် အဖြစ် လာရောက်၍ ပေးလှူခြင်း ဖြစ်ပါသည်။ ဆက်လက်၍လည်း အရေးပေါ် လူနာတင်ယာဉ်များ (Emergency Vehicle) အားပေးလှူခြင်း စီမံကိန်းကိုလည်းဆောင်ရွက် သွားမည် ဖြစ်ပါသည်။ 

No comments: