Wednesday, June 13, 2012

အသေးစားငွေရေးကြေးရေးလုပ်ငန်းအတွက် Project Agreement လက်မှတ်ရေးထိုးခြင်း

                 မင်္ဂလာမြန်မာ ၊ ဂျာမနီသမ္မတနိုင်ငံ Savings Banks Foundation For International Cooperation (SBFIC) နှင့် ဖိလစ်ပိုင်နိုင်ငံ Center For Agriculture and Rural Development (CARD) တို့သည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် အသေးစား ငွေရေးကြေးရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် Project Agreement လက်မှတ်ရေးထိုးခြင်းကို ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဥက္ကဌဖြစ်သူ ဒေါ်စန်းစန်းနွယ်၏ ရှေ့မှောက်တွင် Park Royal Hotel ၌  (၁၃-၆-၂၀၁၂)ရက် နေ့တွင် လက်မှတ်ရေးထိုး ခဲ့ကြပါသည်။
   
   အဆိုပါစီမံကိန်းအား ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်မှ စတင်ဆောင်ရွက်မည်ဖြစ်ပြီး၊ (၁၀) မြို့နယ်အထိတိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
              
                စီမံကိန်းကာလမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အထိဖြစ်ပြီး စီမံကိန်းကုန်ကျငွေမှာ Euro ၂၀၀,၀၀၀ ခန့်ဖြစ်ပါသည်။ စီမံကိန်း ကုန်ကျငွေများကို ဂျာမနီသမ္မတနိုင်ငံ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန  (Federal Minister for Economic Cooperation and Development ) မှ ပံ့ပိုးကူညီသွားမည် ဖြစ်ပြီး နည်းပညာများအား ဂျာမနီသမ္မတနိုင်ငံ Savings Banks Foundation for International Cooperation  (SBFIC) နှင့် ဖိလစ်ပိုင်နိုင်ငံ Center for Agriculture and Rural Development (CARD) တို့မှ  ပံ့ပိုးမည်ဖြစ်ပြီး နားလည်မှု စာချွန်လွှာ (MoU) အား (၁၄-၂-၂၀၁၂) နေ့တွင် ဂျာမနီသမ္မတနိုင်ငံ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဖြစ်သူ H.E Mr. Dirk Niebel ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ ပါသည်။

မင်္ဂလာမြန်မာ၏ ဒါရိုက်တာတစ်ဦးဖြစ်သူ ဒေါက်တာဖုန်းဝင်းမှ ကျေးဇူးတင်စကားပြောကြားနေပုံ

  အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ဥက္ကဌဖြစ်သူ ဒေါ်စန်းစန်းနွယ်၏ ရှေ့မှောက်တွင် Project Agreement လက်မှတ်ရေးထိုးနေပုံ


 မင်္ဂလာမြန်မာ၏ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းနှင့် SBFIC မှ Project Manager Ms. Nicole Brand တို့ လက်ဆွဲနှုတ်ဆက်နေစဉ်

No comments: