Thursday, June 14, 2012

Collaborative Workshop between University of Medicine – 1 and Perdana University School 

of Medicine and Johns Hopkins University ဖွင့်ပွဲအား ဆေးတက္ကသိုလ် (၁) ၌ ကျင်းပပြုလုပ်ပြီးစီး

 
      မြန်မာနိုင်ငံတွင် တက္ကသိုလ်အဆင့် ပညာရေးအဆင့်အတန်းမြင့်တင်ရေးအတွက် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ နှင့် အမေရိကန် နိုင်ငံရှိ Johns Hopkins University တို့ ပူးပေါင်းဆောင်ရွက်မှုများအနက်မှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ နှင့် အမေရိကန် နိုင်ငံရှိ Johns Hopkins University တို့ ပူးပေါင်းပြီး U.S. Korea Institute, SAIS, Johns Hopkins University နှင့် မင်္ဂလာမြန်မာတို့မှ ပံ့ပိုးကူညီဆောင်ရွက်မှုဖြင့် ဆေးဘက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သုံးကြိမ်တိုင်တိုင် ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။
       ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲဖြစ်သော “ကလေး နှင့် လူကြီး အသက်ကယ် ပြုစုစောင့်ရှောက်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Adult and Pediatric Resuscitation Skills For Medical School) ကို ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) တွင် (၂၈ - ၃ - ၂၀၁၂) ရက်နေ့မှ (၃၀ - ၃ - ၂၀၁၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဆေးတက္ကသိုလ် (၁) ရှိ Presentation Hall ၌ ပြုလုပ်ခဲ့ပြီး Johns Hopkins University မှ Dr. Nicole Ann Shikosfski နှင့် Dr. Patrick Ryan Sosnay တို့မှ ဦးဆောင်၍ ဖိတ်ကြားထားသော ဆေးတက္ကသိုလ် အသီးသီးမှ ဆရာ၊ ဆရာမများက Principles of Basic Life Support (BLS) နှင့်ပက်သက်၍ အပြန်အလှန် ဆွေးနွေးမှုများ နှင့် အသက်ကယ်နည်း သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။  

                    ယခု ဒုတိယအကြိမ်မြောက်အဖြစ်သည့် မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များ နှင့် Perdana University Graduate School of Medicine, Johns Hopkins University, တို့ပူးပေါင်းဆောင်ရွက်သည့် “Collaborative Workshop between University of Medicine – 1 and Perdana Universty School of Medicine and Johns Hopkins University” ကို ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၁) တွင် (၇ - ၅ - ၂၀၁၂) ရက်နေ့မှ (၉ - ၅ - ၂၀၁၂) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို (၇ - ၅ - ၂၀၁၂) ရက်နေ့ နံနက် (၈း၀၀) တွင် ဆေးတက္ကသိုလ် (၁)၊ အပန်းဖြေရိပ်သာခမ်းမ (Recreation Centre) ၌ ကျင်းပပြုလုပ်ခဲ့ပြီး ထိုအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဆေးတက္ကသိုလ် (၁)၊ ဆေးတက္ကသိုလ် (၂)၊ မကွေးဆေးတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ်၊ ပြည်သူကျန်းမာရေး ဆေးတက္ကသိုလ်၊ ဆေးဝါးကျွမ်းကျင်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ နှင့် ဆရာ၊ ဆရာမ အယောက် (၉၀) ကျော်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နှင့် တာဝန်ရှိသူတို့လည်း တက်ရောက်ခဲ့ကြပါသည်။
           ထိုအလုပ်ရုံဆွေးနွေးပွဲ အား ဆေးတက္ကသိုလ် (၁) ရှိ Presentation Hall ၌ Johns Hopkins University နှင့် Perdana University Graduate School of Medicine မှ Faculty member များဖြစ်သော Dr. Patti Gravitt နှင့် Dr. Anne Rompalo တို့မှ ဦးဆောင်၍ ဖိတ်ကြားထားသော ဆေးတက္ကသိုလ် အသီးသီးမှ ဆရာ၊ ဆရာမများက Basic Elements of Clinical research study design နှင့်ပက်သက်၍ အပြန်အလှန် ဆွေးနွေးမှုများမှုများ ပြုလုပ်ခဲ့ကြပါသည်။

             ယခုကျင်းပ ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များမှာ တက်ရောက် ဆွေးနွေးမည့်သူများ အားလုံး အဆိုကြမ်း (Hypothesis Generation) အတွက် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ တတ်စေရန်၊ စမ်းသပ်ဆေးဖော်ထုတ်ရန် သင့်တော်သော သုတေသန ရည်ရွယ်ချက်(Research Aims) များကိုရွေးခြယ်ဖော်ထုတ် နိုင်စေရန်၊ Research Question အတွက် သင့်တော်မှန်ကန်သော ရလာဒ်၊ လေ့လာမှုပုံစံ၊ လူဦးရေ၊ သင့်တော်သည်ဖော်ထုတ်မှုပုံစံ စသည်တို့ကို ရွေးချယ်တတ်စေရန်၊ Research Hypotheses များကို လေ့လာစစ်ဆေးရန် အတွက် ခွဲခြမ်းစိတ်ဖြာသော၊ သရုပ်ခွဲမှုကိုအခြေခံသော နည်းလမ်းများ(standard analytical methods)ကို နားလည် လာစေရန် စသည်တို့ဖြစ်သည်။
 မင်္ဂလာမြန်မာ၏ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်း အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနေပုံ

 အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများ

No comments: