Monday, June 4, 2012


Poland - Myanmar Business Seminar သို့ မင်္ဂလာမြန်မာအဖွဲ့မှ တက်ရောက်ဆွေးနွေး

    ၂၀၁၂ ခုနှစ်၊ မေလ (၁၀) ရက်နေ့ မနက်ပိုင်းတွင် Poland - Myanmar Business Seminar တစ်ခုအား ရန်ကုန်မြို့ရှိ UMFCCI ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ ပိုလန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် UMFCCI ရုံးချုပ်တွင် Poland-Myanmar Business Seminar အား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ပိုလန်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး H.E. Mr.Radosław Sikorski၊ ပိုလန်နိုင်ငံသံအမတ် Mr. Jerzy Bayer၊ UMFCCI အသင်းချုပ် ဒုဥက္ကဌဖြစ်သူ ဦးဇော်မင်းဝင်း၊ မင်္ဂလာမြန်မာမှ ဒါရိုက်တာများဖြစ်သော ဒေါက်တာဖုန်းဝင်း နှင့် ဒေါ်ယူဇာမော်ထွန်း၊ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ပိုလန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သော Mr. Jaroslaw Dabrowski အပါအ၀င် အခြား စီးပွားရေးလုပ်ငန်းရှင် (၁၅) ဦးခန့် နှင့်အတူအခြားဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 
အထက်ပါဆွေးနွေးပွဲတွင် ပိုလန်နိုင်ငံနှင့်မြန်မာနိုင်ငံသည်ဝေးကွာနေသော်လည်းနှစ်နိုင်ငံအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပိုမိုအကျွမ်းဝင်ရန် လိုအပ်ကြောင်း၊ အမျိုးသားဖွံ့ဖြိုးမှုခေတ်သစ်တွင်နှစ်ဦးနှစ်ဖက်အကျိုးရှိသောရလဒ်ကို အခြေခံပြီး တိုးတက်မှုကဏ္ဍကို ပိုလန်နိုင်ငံမှ ပါဝင်ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချူပ် ဦးမြင့်ဆွေမှ ပြောကြားသွားခဲ့ပါသည်။ ထို့နောက်တွင် UMFCCI မှတာဝန်ရှိသူများနှင့် ပိုလန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ဦးဆောင်၍ ပိုလန် နှင့် မြန်မာ နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲတွင် မင်္ဂလာမြန်မာ၏ ဒါရိုက်တာများဖြစ်သော ဒေါက်တာဖုန်းဝင်း နှင့် ဒေါ်ယူဇာမော်ထွန်းမှလည်း ပိုလန် နှင့် မြန်မာ နှစ်နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးသွားခဲ့ပါသည်။
မင်္ဂလာမြန်မာ အဖွဲ့အနေဖြင့်လည်း နောက်နောင်တွင် ယခုကဲ့သို့သော ဆွေးနွေးပွဲများ၌ ဆက်လက်၍ပါဝင်ဆောင်ရွက် လုပ်ကိုင်သွားမည်ဖြစ်ပါသည်။
ပိုလန်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Radoslaw Sikorski၊ သံအမတ်ကြီး Mr. Jerzy Bayer နှင့် မင်္ဂလာမြန်မာမှဒါရိုက်တာအဖွဲ့ဝင်များ အစည်းအဝေးတက်ရောက်နေပုံ

No comments: